သင်ကြားသင်ယူမှုနယ်ပယ်အသီးသီး၌ နက်နဲသော အသိပညာဗဟုသုတ ကျွမ်းကျင်မှုရှိ၍ မြင့်မားသော သင်ကြားသင်ယူမှုစွမ်းရည်၊ ကိုယ်ရည်ကိုယ်သွေးနှင့် ဆရာဘဝသက်မွေးလုပ်ငန်း ပညာရပ်ကိုရရှိ၍ အတူတကွပူးပေါင်းဆောင်ရွက်ကြသည့် သင်ယူမှုကို လှုံ့ဆော်ပေးနိုင်ပြီး တက်ကြွဖျတ်လတ်သော ဆန်းသစ်သည့် အမြင်ရှိသော အပြုသဘောဆောင်၍ ကြောင်းကျိုးဆက်စပ်စွာ တွေးခေါ်သုံးသပ်နိုင်သော ပညာရေးပညာရှင် များကို ဖန်တီးမွေးထုတ်ပေးနိုင်ရန်။
ရည်မှန်းချက်/ရည်ရွယ်ချက်
ဆရာအတတ်ပညာကျွမ်းကျင်ပိုင်နိုင်မှု၊ ဆရာသင်ကြားသင်ယူမှုနှင့် လုပ်ငန်းခွင်အကြိုဆရာ့အတတ် ပညာရေး အရည်အသွေးအာမခံ အသိမှတ်ပြုရေး နိုင်ငံတော်အဆင့် ချဉ်းကပ်ဖော်ဆောင်မှုများမှတဆင့် ဆရာ၊ ဆရာမများနှင့် သင်ကြားမှုဆိုင်ရာဦးဆောင်ဦးရွက်ပြုသူများအတွက်၊ အရည်အသွေးမြင့်မားသော ဆရာ သက်မွေးပညာရပ်ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းဖော်ဆောင်ရန်။